Sunday, 17 June 2012

ပျားရည်တစက်ကြောင့်ပြည်ပျက်

ဟေ့ သူငယ်ချင်း စကားပုံးလေးတခု ပြောပြမယ်နှော်( ပျားရည်တစက်ကြောင့်ပြည်ပျက် ) တယ်ဆိုတဲ့စကား  ဒီစကားပုံးကိုကြားကြားချင်းကိုလည်းမယုံးဘူးကွာ  မဖြစ်နိုင်တာလေ ဟုတ်တယ်မို့လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း ဒါပေမဲ့ သေချာတွေးကြည့်တော့လည်းဟုတ်နေတယ်ကွ။ ကိုပြောပြမယ်နှော် မင်းကြိုက်သလိုတွေးကြည့်လေ  ဟို့ရှေ့တုန်းက ဘုရင်နဲ့ ပုဏ္ဍားကြီးတယောက်  ဘုရင်စားတော်တည်နေချိန် စကားပြောရင်းနဲ့ ပျားရည်တစက်က အောက်က ကျမ်းပြင်ပေါ်ကျသွားတယ်တဲ့ သူတို့နှစ်ဦးကလည်း ဘာမဖြစ်ပါဘူးလေဆိုပြီး ဒီအတိုင်းထားလိုက်တယ် ကြာလာတော့ပုရွက်ဆိပ်တက်လာတယ် ပုရွက်ဆိပ်ကို ပိုးဟတ်ကစား ပိုးဟတ်ကို ကြွက်ကကိုက်ပြီ။ အဲဒီတော့ အခိုင်းအစေတွေက သူလုပ်သင့်တယ်ငါလုပ်သင့်တယ် သူမလုပ်လို့ငါမလုပ်လို့ဆိုပြီး  စကားများရင်းနဲ့သူတို့ရဲ့ သခင်မင်းသားနှစ်ပါးပါစကားများကြရော် မင်းသားနှစ်ပါးစကားများတော့ အမတ်တွေလည်း ဒီသခင်လေးမှန်တယ် ဟိုသခင်လေးမှန်တယ် ဆိုပြီးကွဲကျကွာကျဖြစ်ကုန်ပြီ နောက်ဆုံးကျ သခင်လေးနှစ်ပါးစစ်ခင်းရဲ့နဲ့ တိုင်းပြည်ကြီးလည်းပျက်ဆီးသွားတယ်တဲ့။ သေချာစဉ်းစားကြည့်သူငယ်ချင်း ဒါဟာဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ ကျွှန်တော်တော့ထင်တယ် လူဆိုတာအတ္တကြီးလာရင် မှားနေရင်းလည်းမှန်တယ်၊ မှန်နေရင်လည်းမှားတယ်လို့ ဖြစ်လာတတ်တာလေ ၊အမှားသေးသေးလေးဟာကြာလာရင်အမှားကြီးပြစ်လာနိုင်တယ် ချစ်သူငယ်ချင်းလည်းဘာတွေတွေးလို့ရလည်း  မျှဝေခံစားကြည့်ပါအုံး

No comments:

Post a Comment