အဖုအကြိတ်ပျောက်တဲ့ အံ့မခန်း ဆေးစွမ်းတစ်လက်
ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ရောဂါတွေကလည်း ပြောင်းလဲတိုးတက်နေတာ လူတိုင်းအသိပါပဲ...။“ကင်ဆာ”ဆိုတာ
ကတော့ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ရောဂါအကြီးစားတစ်မျိုးပေါ့ဗျာ...။ အရင်တုန်းက အဖုအကြိတ်ပေါက်ရင် မကြောက်တတ်
ခဲ့ပေမယ့် ခုတော့ “ကင်ဆာ”ကြိတ်များ ဖြစ်နေရင်အတွေးနဲ့ ထိတ်လန့်စိုးရိမ်ကြရတဲ့ အခြေအနေကို တစ်ချို့ကြုံဖူးကြမှာပါ...။ဒီအတွက်
ဘာမှ မပူပါနဲ့...။ကျွန်တော့်ရဲ့ လက်တွေ့ကုထုံးဆေးမြီးတိုတစ်ခု မျှဝေပေးလိုက်ပါတယ်...။ ကျွန်တော့်အစ်မရင်းဖြစ်သူရဲ့လည်ပင်းမှာ
“ကင်ဆာကြိတ်” တစ်လုံး ထွက်လာခဲ့တယ်...။ ပထမတော့ ဘာအကြိတ်မှန်းမသိပါဘူ...။ တိုင်းရင်းဆေးရော အနောက်တိုင်းတွေပါ ပြသ
ကြည့်တော့မှ “ကင်ဆာကြိတ်”ဖြစ်နေမှန်း သိခဲ့ရတာပါ...။ “ကင်ဆာကြိတ်” ကို ခွဲစိတ်ကုသရမယ့် ငွေကြေးအတိုင်းအတာကလည်း သိပ်
မသေးဘူးလေ။ ခွဲစိတ်ကုသတဲ့ မြန်မာဆရာတွေရှိပေမယ့် အနောက်တိုင်းဆေးနဲ့ ခွဲစိတ်စရိတ်ချင်း မကွာလေတော့ ပုသိမ်ဆေးရုံကို ပြေးဖို့
ပြင်ရတာပေါ့ဗျာ...။ အိမ်သားတွေလည်း အစ်မစိတ်နဲ့ မစားနိုင်မသောက်နိုင်ကိုဖြစ်လို့။ ကာယကံရှင်အစ်မကတော့ ပြောစရာတောင်လို
မယ်မထင်ပါဘူး...။ ကျွန်တော်လည်း လေးငါးရက်လောက်စောင့်ပြီး ကျွန်တော်ပေးတဲ့ နည်းလေးနဲ့ ကုကြည့်ဖို့ပြောပြီး ယုံယုံကြည်ကြည်
နဲ့စမ်းကုကြည့်တာ သကောင့်သား“ကင်ဆာကြိတ်”လေ...။ တစ်ပတ်ပြည့်တော့ နှုတ်တောင်ဆက်မသွားရှာဘူး...။ တစ်နေ့တစ်ခြားအရွယ်
အစား သေးသေးပြီး ပျောက်သွားတာ ခုဆို ကျွန်တော့်အစ်မ ကျန်းမာဝဖြိုးလွန်းလို့ အစားလျှော့ဖို့တောင် ပြောနေရတယ်...။
ဆေးနည်းကတော့- ခံတက်ရွက်(ချဉ်ဖတ်ထည့်စားသော)အရင့်၊ အရွက်ကြမ်းများကို ထမင်းနဲ့ ရောပြီးထောင်းပါ။ ပြီးနောက် အဖု၊အကြိတ်
ပေါ်မှာ ဖျဉ်ပါးပါးဖြင့် ဆေးစည်းပေးပါ...။ ပူလောင်သော ခံစားမှုကို ခံစားရပြီး မခံနိုင်ပါက ခေတ္တပြန်ခွာပါ။ ပြီးနောက် ပြန်ကပ်ပါ။ ဤသို့
အကြိမ်ကြိမ်ပြုလုပ်ပေးနေပါ...။နှစ်ရက်အတွင်း သိသာစွာ သေးငယ်သွားပါလိမ့်မည်။ ဆေးမြီးတိုအလွယ်နည်းဖို့ အထင်အမြင်တော့ မသေး
ကြပါနှင့်။ ရောဂါပျောက်ကင်းဖို့သာ အရေးကြီးပါသည်။

No comments:
Post a Comment