Saturday, 7 July 2012

ငါပြန်ချင်တဲ့တိုင်းပြည်

ငါမရောက်နိုင်သေးဘူး
စိတ်ကူးနဲ့ကမ္ဘာ့မြေပုံထဲဝင်ကြည့်
ဒါငါတို့တိုင်းပြည်
ဒါငါတို့မြို့လေးပေါ့လို့မှန်းဆရင်း
ရေးရေးထင်တဲ့
သေးငယ်တဲ့အစက်ပြောက်လေးဆီမှာ
ကြီးကျယ်တဲ့အလွမ်းတွေပုံချထားခဲ့တယ်
ဘာဖြစ်လဲကွာ
အိမ်ပြန်ခွင့်ဆိုတာမနက်ဖြန်တိုင်းရှိနေတာပါလို့
အသိစိတ်ကိုလိမ်ညာရင်းချော့သိပ်
ဒါနဲ့ပဲမသိစိတ်ကအိပ်မပျော်ခဲ့တာကြာပြီ
မရှိတာတွေရှာပြီးရှိတာတွေပေးလိုက်ရတဲ့
သူစိမ်းတွေနေတဲ့တဖက်ခြမ်းမှာ
ရိုးသားမှုတခုတော့ငါအသက်နဲ့ရင်းပြီး
ပြုစုထားခဲ့ရတယ်....
အိမ်မက်ထဲမှာတော့ကော်ဇောပျံကြီးစီးပြီး
အိမ်ရှေ့ခဏ၊ခဏရောက်တယ်
လက်တွေ့မှာတော့ပေါက်နေတဲ့ဖိနပ်နဲ့
အလုပ်ခွင်ထဲဟိုဘက်ဒီဘက်လျှောက်နေရတယ်
ဖတ်ဖူးတဲ့စာကိုကိုးကားပြီးဆုတောင်းပေးပါတယ်
ဆော်လမွန်ငါးတွေအပြန်ခရီး
လမ်းတွေ့ပါစေ....
ကြိုးကြာငှက်တွေအိမ်အပြန်
ချောမွေ့ကြပါစေ...

No comments:

Post a Comment