သံသရာမှာ...
မသိမှုနဲ့နေလာ မသိမှုနဲ့သေလာကြ
မသိမှုပို့ရာရောက်လို့ ရတဲ့ဘ၀ဘ၀ ဒီဒုက္ခကို
အဟုတ်ထင်တွယ်ငြိ မသိမှုနဲ့လုပ်ခဲ့လို့လဲ
.
ရှိခဲ့ရဘ၀တွေ ဘယ်ထိအောင်သေခဲ့လို့
အရိုး ဘယ်လိုတောင်ပုံခဲ့ရပြီလဲ သိလဲ မသိမှုနဲ့ဖုံး
အခုလဲတွယ်နေတုန်း တို့များ မိုက်လုံးကလဲကြီးပါ့။
.
မသိမှုကြောင့် ဖြစ်လာတဲ့ဘ၀မို့
ဒီဘ၀မှာ ရတဲ့အသိ မသိမှုဘဲ ရှိပါတယ်
သိနေတဲ့ အမှန်အမှားဟာလဲ မသိမှုကဘဲ ပြဒါန်းထားတာ
ဒါကိုမရိပ်မိ ဒီအသိကိုဘဲ အမှန်ထင် ဒီအသိကို ရှေ့တန်းတင်ရင်း
ဒီအသိ အမှားနဲ့ဘဲလျှောက်လှမ်း ဘ၀လမ်းဆုံးသွားရရင်တော့...
.
ကောင်း ဆိုး နိမ့် မြင့် ရှည် တိုဘ၀ ဘယ်လိုတွေ ကြုံရလဲ
ရခဲတဲ့လူ့ဘ၀ တကယ့်အသိမှန်မှမရရင် ဒုံရင်းက ဒုံရင်း
အသိမှားလို့ကျင်လည်ခဲ့ရ ဘ၀ဘ၀တိုင်းကလို အလဟဿပါဘဲ။ ။

No comments:
Post a Comment