Thursday, 21 June 2012

ချစ်လေးသို့

ချစ်ခဲ့တာလားလို့ 
ငါ...မမေးကြည့်ချင်ဘူး
အညှာလွယ်တတ်တဲ့
ငါ့..ရင်ခုန်သံအတွက်
နောင်တတွေကို
မလျှော်ဖွတ်ချင်တော့လို့ပါ
ကျောခိုင်းသွားတဲ့
ခြေလှမ်းတွေကို
ငါ..မချော့မြူချင်ဘူး
ပြာဖြစ်သွားတဲ့
အလွမ်းတွေအတွက်
ညတွေကို
ငါ..မညည်းပြချင်တော့လို့ပါ
ရက်စက်ခြင်း ပေစာတွေလားလို့
လျှောက်လွဲချက်မတင်ချင်တော့ဘူး
စွန့်ပစ်ခံ ကွင်းပြင်ထဲမှာ
သေဆုံးသွားတဲ့
ငါ့..၀ိညာဉ်အတွက်
အိပ်မက်တွေကို
ငါ..မလှုပ်နိုးချင်တော့လို့ပါ
ပါးပြင်ထက်မှာ
ခြောက်ခမ်းသွားတဲ့
နှလုံးသွေးတွေအတွက်
ငါ့..နေ့ရက်တွေကိုတော့
လွတ်ငြိမ်းချမ်းသာပေးပါ...။ ။

No comments:

Post a Comment